မြိတ်​မုန့်ဟင်းခါး ချက်နည်း

ပါ၀င်ပစ္စည်းများ👨‍🍳

၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာအတွက်ပြုလုပ်ပါမယ်။

၂။ ငါးကြင်း – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)

၃။ ဌက်ပျောအူ – ၁ပင် 

အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီးလျှင်ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော 

စိမ်ထားပေးပါ။

မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။

၄။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း 

(ပါးပါးလှီးထားပါ)

၅။ ကြိုက်နှစ်သက်ရာ အကြော်

👨‍🍳ဆီသတ်ရန် ပါ၀င်ပစ္စည်းများ

၁။ ကြက်သွန်နီ – ၃၀ကျပ်သား (ထောင်းထားပါ)

၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)

၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)

၄။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)

၅။ ဆီ – ၁၀ကျပ်သား

၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)

ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်

၉။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)

👨‍🍳ပြင်ဆင်နည်း

၁။ ငါးကြင်းကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။ငါးပိကြိုက်သူများငါးပိအနည်းငယ်ထည့်နိုင်၏။

၂။ ပြီးလျှင် ပြုတ်ပြီသား ငါးကြင်းကို အသားနွင်းပေးပါ။

၃။ ရလာသော ငါးကြင်းအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီမှ ရေဖြင့်ကျင်ကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။

ချက်ပြုတ်နည်း👨‍🍳👨‍🍳

၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသတ်ပေးပါ။

၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။

၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။

မုန့်ဟင်းခါး စချက်ပါတော့မည်။ 👨‍🍳👨‍🍳

၄။ ငါးဆီသတ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (အကွင်းလှီးထားသော ဌက်ပျောအူများ၊ ငါးဆီသပ်၊ ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။

၅။ ဌက်ပျောအူထဲ အချိုအရသာများ စိမ့်၀င်သွားရန် အနည်းငယ် တည်ထားပေးပါ။

၆။ ဌက်ပျောအူ နွမ်းသွားပါမှ ရေနွေး(ရလီတာ)ကို ထည့်ပါ။

၇။ ပြီလျှင် ပြန်ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် 

ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။

၈။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။

၉။ ကြက်သွန်နီများ နူးသွားလျှင် မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပဲသီး၊ ပူစီနံ မိမိကြိုက်နှစ်သက်ရာ အကြော်များ ထည့်၍ တည့်ခင်းသုံးဆောင်နိုင်ပါပြီ


Comments

Popular posts from this blog

အာလူးကတ်သလိတ်ကြော်နည်း