အာလူးကတ်သလိတ်ကြော်နည်း

အာလူးကတ်သလိတ်ကြော်နည်း
ပါဝင်ပစ္စည်းများ
အာလူး ၅၀သား
ကြ က် ဥ ၂ လုံး
ရွှေလိပ်ပြာအကြော်မှုန့်
မဆလာ
နံနံပင်(သို့)ကြက်သွန်မိတ်(ကြိုက်ရင်ထည့်ပါ)
ဆီ(နေကြာဆီနဲ့ကြော်ထားတာပါ)
ကိုယ်နှစ်သက်ရာဆီနဲ့ကြော်လို့ရပါတယ်။
ပြုလုပ်ပုံ
အာလူးကိုရေစင်အောင်ဆေး၍အာလူးမြုတ်ရုံရေထည့်၍ပြုတ်ပါ။
အာလူးနူးရင်ရေအေးလောင်းပြီးအခွံခွာ၍ညက်အောင်ထောင်းပါ။
အာလူးအားလုံးကြေညက်အောင်ထောင်းပြီးလျှင်ဆား၊ဟင်းခတ်မှုန့်၊မဆလာ၊နံနံပင်(သို့)ကြက်သွန်မိတ်နှုတ်နှုတ်စင်း၊ခလောက်ထားသောကြက်ဥတို့နှင့်သမအောင်နယ်ပေးပါ။
နယ်ပြီး၁၅မိနစ်လောက်နှပ်ထားပါ။
နှပ်ထားသောအားလူးကိုလုံးပြီးနာနာဆုပ်၍ရွှေလိပ်ပြာအကြော်မှုန့်နှင့်လူးပါ။
ကိုယ်နှစ်သက်ရာပုံစံလေး(အလုံး(သို့)အပြား)အရံသင့်လုပ်ထား ပါ။
ကြော်နည်း
ဒယ်အိုးပူလာရင်ဆီထည့်ပါ။
ဆီပူလာရင်အာလူးကိုတစ်ခါတည်းအများကြီးထည့်မကြော်ပါနှင့်။
တစ်ခါထည့်လျှင်၃ခုထက်မပိုပါစေနှင့်။
မီးမပြင်းပါစေနှင့်။
မီးပြင်းလျှင်အာလူးများကွဲထွက်တတ်ပါသည်။
ကိုယ်နှစ်သက်ရာ(ဆော့စ်)အချဉ်နှင့်တွဲဖက်စားသုံးနိုင်ပါသည်

Comments

Popular posts from this blog

မြိတ်​မုန့်ဟင်းခါး ချက်နည်း