Posts

Showing posts from February, 2022

မြိတ်​မုန့်ဟင်းခါး ချက်နည်း

Image
ပါ၀င်ပစ္စည်းများ👨‍🍳 ၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာအတွက်ပြုလုပ်ပါမယ်။ ၂။ ငါးကြင်း – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ) ၃။ ဌက်ပျောအူ – ၁ပင်  အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီးလျှင်ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော  စိမ်ထားပေးပါ။ မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။ ၄။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း  (ပါးပါးလှီးထားပါ) ၅။ ကြိုက်နှစ်သက်ရာ အကြော် 👨‍🍳ဆီသတ်ရန် ပါ၀င်ပစ္စည်းများ ၁။ ကြက်သွန်နီ – ၃၀ကျပ်သား (ထောင်းထားပါ) ၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ) ၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ) ၄။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ) ၅။ ဆီ – ၁၀ကျပ်သား ၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ) ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း ၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက် ၉။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ) 👨‍🍳ပြင်ဆင်နည်း ၁။ ငါးကြင်းကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။ငါး...

အာလူးကတ်သလိတ်ကြော်နည်း

Image
အာလူးကတ်သလိတ်ကြော်နည်း ပါဝင်ပစ္စည်းများ အာလူး ၅၀သား ကြ က် ဥ ၂ လုံး ရွှေလိပ်ပြာအကြော်မှုန့် မဆလာ နံနံပင်(သို့)ကြက်သွန်မိတ်(ကြိုက်ရင်ထည့်ပါ) ဆီ(နေကြာဆီနဲ့ကြော်ထားတာပါ) ကိုယ်နှစ်သက်ရာဆီနဲ့ကြော်လို့ရပါတယ်။ ပြုလုပ်ပုံ အာလူးကိုရေစင်အောင်ဆေး၍အာလူးမြုတ်ရုံရေထည့်၍ပြုတ်ပါ။ အာလူးနူးရင်ရေအေးလောင်းပြီးအခွံခွာ၍ညက်အောင်ထောင်းပါ။ အာလူးအားလုံးကြေညက်အောင်ထောင်းပြီးလျှင်ဆား၊ဟင်းခတ်မှုန့်၊မဆလာ၊နံနံပင်(သို့)ကြက်သွန်မိတ်နှုတ်နှုတ်စင်း၊ခလောက်ထားသောကြက်ဥတို့နှင့်သမအောင်နယ်ပေးပါ။ နယ်ပြီး၁၅မိနစ်လောက်နှပ်ထားပါ။ နှပ်ထားသောအားလူးကိုလုံးပြီးနာနာဆုပ်၍ရွှေလိပ်ပြာအကြော်မှုန့်နှင့်လူးပါ။ ကိုယ်နှစ်သက်ရာပုံစံလေး(အလုံး(သို့)အပြား)အရံသင့်လုပ်ထား ပါ။ ကြော်နည်း ဒယ်အိုးပူလာရင်ဆီထည့်ပါ။ ဆီပူလာရင်အာလူးကိုတစ်ခါတည်းအများကြီးထည့်မကြော်ပါနှင့်။ တစ်ခါထည့်လျှင်၃ခုထက်မပိုပါစေနှင့်။ မီးမပြင်းပါစေနှင့်။ မီးပြင်းလျှင်အာလူးများကွဲထွက်တတ်ပါသည်။ ကိုယ်နှစ်သက်ရာ(ဆော့စ်)အချဉ်နှင့်တွဲဖက်စားသုံးနိုင်ပါသည်