မြိတ်မုန့်ဟင်းခါး ချက်နည်း
ပါ၀င်ပစ္စည်းများ👨🍳 ၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာအတွက်ပြုလုပ်ပါမယ်။ ၂။ ငါးကြင်း – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ) ၃။ ဌက်ပျောအူ – ၁ပင် အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီးလျှင်ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ။ မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။ ၄။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ) ၅။ ကြိုက်နှစ်သက်ရာ အကြော် 👨🍳ဆီသတ်ရန် ပါ၀င်ပစ္စည်းများ ၁။ ကြက်သွန်နီ – ၃၀ကျပ်သား (ထောင်းထားပါ) ၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ) ၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ) ၄။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ) ၅။ ဆီ – ၁၀ကျပ်သား ၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ) ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း ၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက် ၉။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ) 👨🍳ပြင်ဆင်နည်း ၁။ ငါးကြင်းကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။ငါး...